စီးပွားရေးထင်တစ်လုံးအမှားနှင့်
ကျင့်ထုံးများ
ရေးသူ- ဦးကြည်မြင့်
ဒီစာအုပ်ကို ရေးသားခဲ့တဲ့မူရင်းစာရေးသူ Paul Krugman ဟာ ပါမေက္ခတစ်ဦးဖြစ်ပြီး
စီးပွားရေးစာပေရေးသားသူများကိုချီးမြင့်သည့် John Bates Clark ဆုကိုရရှိခဲ့သူ
ဖြစ်ပါတယ်။ သူ့ ရဲ့ တတိယမြောက်လက်ရာ..
Accidental Theorist ကို ဆရာဦးကြည်မြင့်ကဘာသာပြန်ဆိုထားတာပါ။ အပိုင်း ၁၈ ပိုင်းကို အခန်း ၆ ခန်းခွဲပြီးတင်ပြထားပါတယ်။
အပိုင်း ၄ မှာဆိုရင် ငွေကြေး ကုန်စည်နှင့်ရှယ်ယာဈေးကွက်အကြောင်း နဲ့ ဒီဈေးကွက်ကိုဝင်ရောက်ကစားကြ
သူတွေရဲ့ ကျင့်ထုံးများ အစိုးရတွေကခုခံကာကွယ် ကြပုံများကို
မဟာသီယာ .. ဂျော့ဆိုရော့စ်တို့ လိုဇတ်ကောင်များဖြင့်ရေးသားထားပါတယ်။
ဒီမှာ Download ပါ။
Myanmar Internet Library Knowledge Posts
Sunday, April 3, 2016
စီးပွားရေးထင်တစ်လုံးအမှားနှင့်ကျင့်ထုံးများ- U Kyi Myint-( ဦးကြည်မြင့်)
Friday, February 12, 2016
ဗားမဲ့ ဗားတမော့လက်တွေ့အစီအဂင်ကျမ်း (ဒုတိယတွဲ) - ဆရာညို
ဗားမဲ့ ဗားတမော့လက်တွေ့အစီအဂင်ကျမ်း (ဒုတိယတွဲ) - ဆရာညို
ပြုစုသူ - ဆရာညို
ရှားပါးဒီကျမ်းရဲ့ ဒုတိယတွဲနဲ့တတိယတွဲကို မြန်မာအင်တာနက်စာကြည့်တိုက်မှ စာချစ်သူ Ko Win Thura Nyunt မှ လာရောက်ပေးလှူလာတာကြောင့် ချက်ချင်းကို တင်လိုက်ပါပြီရှင်
ဒါပေမယ့် မသိမမှီ မကြားဖူးသူတွေအတွက်လည်း ဗားမဲ့ဗားတမော့ကျမ်း ဘာ့ကြောင့်အဲ့လောက်နာမည်ကြီးသလဲဆိုတာလေ့လာနိုင်ဖို့ မာတိကာကိုပါ ယှဉ်တွဲဖော်ပြလိုက်ပါတယ်ရှင်
လေ့လာကြည့်ပါ
သိသင့် သိအပ်တဲ့ ပျောက်ကွယ်လုနီးနီး မြန်မာ့အစီအရင်ကျမ်းတစ်စောင်မို့ လိုချင်သူတို့အဖို့တော့ အဖိုးမဖြတ်နိုင်တာအသေအချာပါပဲရှင်
ဒီလိုစာအုပ်ကောင်းကိုလာရောက်ပေးပို့လှူဒါန်းလာတဲ့ စာချစ်သူ Ko Win Thura Nyunt ကိုရော Pdf ပြုလုပ်ထားသူကိုပါ ကျေးဇူးအထူးတင်ပါကြောင်း ထပ်ပေါင်းပြောပါရစေရှင်
ဒီမှာ ပါ

Saturday, January 23, 2016
ရိုးသလားမမေးနဲ့ ( joke )
ရိုးသလားမမေးနဲ့ 
ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဥပဒေရေးရာကိစ္စတွေအတွက် အကြံပေးခန့် အပ်ဖို့  ရှေ့ နေတစ်ဦးကိုအင်တာဗျူးလုပ်နေပါတယ်။
-
ကဲ အရင်ဆုံးသိချင်တာက ရှင်ဟာရိုးသားသူတစ်ဦးလို့ ပြောနိုင်ပါသလား မစ္စတာသွန်မဆင်
- ကျနော်ဟာ တကယ့်ကိုရိုးသားတဲ့ရှေ့ နေပါခင်ဗျာ။
- ဒါကိုဘယ်လိုသိနိုင်မလဲရှင့်
- ကျနော့်အဖေက ကျနော်ပညာသင်ဖို့ ဒေါ်လာရှစ်သောင်းထုတ်ချေးတယ်လေ။ ဒါကိုကျနော်ရှေ့ နေဖြစ်လာတော့ ပထမဆုံးအမှုမှာ တစ်မိနစ်ကို တစ်ဒေါ်လာနှုန်းနဲ့ သူ့ ငွေကိုပြန်ဆပ်နိုင်ဖို့  အထူးကျိုးစားခဲ့ရတာပေါ့ဗျာ။ ဒါဟာ ကျနော့်ရဲ့ ရိုးသားမှုပဲမဟုတ်လား
- အင်းးးး ဟုတ်ပါရဲ့  ဒါနဲ့  ဘယ်သူက အမှုစွဲတာလဲရှင့်
- အဖေကသူ့ ငွေပြန်ရလိုမှုစွဲတာလေ
တိန်

Friday, January 15, 2016
ပုံမှန်နေရာ
ပုံမှန်နေရာ
တစ်ရာတန်တစ်ရွက်က တစ်ထောင်တန်တစ်ရွက်နဲ့ ဆုံမိတော့ နှုတ်ဆက်တယ်
- မတွေ့ တာကြာပြီနော် မင်းဘယ်တွေရောက်နေလဲ
- အစုံပါပဲကွာ... စူပါမားကက်တွေ ဘားဆိုင်တွေ... အိမ်ရှင်မတွေ, တက္ကစီသမားတွေ ဆီပါမကျန် အကုန်ရောက်နေတာပါပဲ.. ဒါနဲ့  မင်းကရော..
- ငါကတော့ အလှူခံပုံးတစ်ခုကနေ တစ်ခုဆီကိုပဲ လှည့်ပါတ်ရောက်နေတာက ပုံမှန်ပဲလေ..

ပြောရှာပါတယ်
" ဟဲ့... ဟင်းအတွဲအစပ်ကို ဒါမျိုးချက်ရသလား..အိမ်မှာ
လုပ်နေတာပဲကြာလှပြီ "
- " မမရယ်..ဒါက အကိုကြီးအကြိုက်မို့ ပါ
သူကလေ..ဟင်းချက်မှာတော့
ကျမက သာတယ်တဲ့..ပြောသေးတာ."
- " ဘာ!! ..ငါက အိပ်ယာထဲမှာ
တော့ ညည်းထက်သာတယ်ဟဲ့..
ဒါရော..မပြောဘူးလား..
ဒင်းက "
- " ဒါကိုတော့.. အိမ်ကို
နို့ လာပို့ တဲ့ လူကြီးက ပြောတယ် မမ"
-" ငင့် "
translated by Bobo Zaw
လုပ်နေတာပဲကြာလှပြီ "
- " မမရယ်..ဒါက အကိုကြီးအကြိုက်မို့ ပါ
သူကလေ..ဟင်းချက်မှာတော့
ကျမက သာတယ်တဲ့..ပြောသေးတာ."
- " ဘာ!! ..ငါက အိပ်ယာထဲမှာ
တော့ ညည်းထက်သာတယ်ဟဲ့..
ဒါရော..မပြောဘူးလား..
ဒင်းက "
- " ဒါကိုတော့.. အိမ်ကို
နို့ လာပို့ တဲ့ လူကြီးက ပြောတယ် မမ"
-" ငင့် "
translated by Bobo Zaw
Thursday, January 14, 2016
ကဗျာ - သက်တံ့ (ထူးအိမ်သင်)
သက်တံ
ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှ
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ။
ထူးအိမ်သင်
Subscribe to:
Comments (Atom)