Saturday, January 23, 2016
ရိုးသလားမမေးနဲ့ ( joke )
ရိုးသလားမမေးနဲ့ 
ဘဏ်လုပ်ငန်းရှင်တစ်ဦးက ဥပဒေရေးရာကိစ္စတွေအတွက် အကြံပေးခန့် အပ်ဖို့  ရှေ့ နေတစ်ဦးကိုအင်တာဗျူးလုပ်နေပါတယ်။
-
ကဲ  အရင်ဆုံးသိချင်တာက ရှင်ဟာရိုးသားသူတစ်ဦးလို့ ပြောနိုင်ပါသလား မစ္စတာသွန်မဆင်
- ကျနော်ဟာ တကယ့်ကိုရိုးသားတဲ့ရှေ့ နေပါခင်ဗျာ။
- ဒါကိုဘယ်လိုသိနိုင်မလဲရှင့်
-  အင်းးးး ဟုတ်ပါရဲ့ ဒါနဲ့  ဘယ်သူက အမှုစွဲတာလဲရှင့်
- အဖေကသူ့ ငွေပြန်ရလိုမှုစွဲတာလေ
တိန်
Friday, January 15, 2016
ပုံမှန်နေရာ
ပုံမှန်နေရာ
တစ်ရာတန်တစ်ရွက်က တစ်ထောင်တန်တစ်ရွက်နဲ့ ဆုံမိတော့ နှုတ်ဆက်တယ်
- မတွေ့ တာကြာပြီနော် မင်းဘယ်တွေရောက်နေလဲ
- အစုံပါပဲကွာ... စူပါမားကက်တွေ ဘားဆိုင်တွေ... အိမ်ရှင်မတွေ, တက္ကစီသမားတွေ ဆီပါမကျန် အကုန်ရောက်နေတာပါပဲ.. ဒါနဲ့  မင်းကရော..
- ငါကတော့ အလှူခံပုံးတစ်ခုကနေ တစ်ခုဆီကိုပဲ လှည့်ပါတ်ရောက်နေတာက ပုံမှန်ပဲလေ..
တိန်
ပြောရှာပါတယ်
 " ဟဲ့... ဟင်းအတွဲအစပ်ကို ဒါမျိုးချက်ရသလား..အိမ်မှာ
လုပ်နေတာပဲကြာလှပြီ "
- " မမရယ်..ဒါက အကိုကြီးအကြိုက်မို့ ပါ
သူကလေ..ဟင်းချက်မှာတော့
ကျမက သာတယ်တဲ့..ပြောသေးတာ."
- " ဘာ!! ..ငါက အိပ်ယာထဲမှာ
တော့ ညည်းထက်သာတယ်ဟဲ့..
ဒါရော..မပြောဘူးလား..
ဒင်းက "
- " ဒါကိုတော့.. အိမ်ကို
နို့ လာပို့ တဲ့ လူကြီးက ပြောတယ် မမ"
-" ငင့် "
translated by Bobo Zaw
Thursday, January 14, 2016
ကဗျာ - သက်တံ့ (ထူးအိမ်သင်)
သက်တံ
ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ။
ထူးအိမ်သင်
ဟာသ - အတူတူပါပဲဖေကြီးရာ
အတူတူပါပဲဖေကြီးရာ
ဂျွန် တစ်ယောက် သားလေးကို ကျောင်းပို့ချိန်နောက်ကျနေလို့ ကားမောင်းရင်း စိတ်စောနေမိတယ်
တနေရာအရောက် မကွေ့ရမယ့်နေရာ စိတ်စောစောနဲ့ကွေ့ချလိုက်မိပြီးမှ မှားသွားမှန်း သတိရလိုက်တော့ ...
"ကွာ.... မှားပြီး ကွေ့ချလိုက်မိပြီ
အဖမ်းခံရတော့မှာပဲ
အလျင်လိုပါတယ်ဆိုမှ"
ဂျွန်ရဲ့ရေရွတ်သံကြားတာနဲ့ သားလေးက ခပ်အေးအေးပြန်ပြေလိုက်ပုံက...
"စိတ်မပူပါနဲ့ဖေကြီးရာ ... သားတို့နောက်က ရဲကားကလည်း သားတို့လိုပဲ ကွေ့ချတာပဲလေ"
Yamin ဘာသာပြန်သည်
ကဗျာ - အသပြာမျိုးဆက် သို့မဟုတ် လှုပ်နေသောအမှတ်အသားပိုင်ရှင်များ (အောင်ရင်ငြိမ်း)
အသပြာမျိုးဆက် သို့မဟုတ် လှုပ်နေသော အမှတ်အသား ပိုင်ရှင်များ 
မရမ်းဖျော့ရောင်
မျက်မှန်ပေါ်က ကျော်ကြည့်လိုက်တော့
ရှော့ပင်းစင်တာကြီးက
သူမကိုဖိတ်ခေါ်နေဟန် ပြိုးပြက်
သူမရဲ့ အိုအေစစ်။
အပြင်လမ်းမပေါ်
လူအများ တိုးဝှေ့သွားလာနေကြ
ပျံကျဈေးလို
ရယ်မောသံ၊ ရန်ဖြစ်သံတွေလည်း မရှိ
ဘတ်စ်ကားတွေရဲ့ တကျွီကျွီဘရိတ်နင်းသံတွေလည်း
မှန်လုံခန်းထဲကို ထိုးဖောက်ဝင်မလာနိုင်။
နေကာမျက်မှန်ကိုချွတ်
အရောင်းကောင်တာကို မျက်စိတစ်ဝဲကြည့်လိုက်
ဒီဇိုင်းသစ် တံဆိပ်သစ်တွေက စိတ်ကိုလာဆွနေ
တစ်လတစ်လကို
ဒေါ်လာ ၄ ထောင်ဖိုးပုံမှန်သုံး
တရုတ်ပြည် ပျမ်းမျှလစာနဲ့နှိုင်းယှဉ်ရင်
အဆ ၁၃၀ ခန့်။
ငွေကို
ရေလိုသုံးနေတဲ့ ကလေးမလေးရဲ့နာမည်
မဂ္ဂီကောင်း
သူတို့ဘ၀မှာ တိမ်ညွှန့်စား လရထားစီး
မိဘတွေက
ခေတ်သစ်နဲ့အတူ မွေးဖွားလာတဲ့
ဘိဇနက်လောကသားများ။
ကာလတိုအတွင်း
မတရားချမ်းသာလာတော့
ငယ်ပေါင်းဇနီးနဲ့ကွဲသွား
အဖေက
ရှန်ဟိုင်းမြို့ပေါ်က
ကြေးအကြီးဆုံး
“ကျွန်မကျောင်းလစ်တာ အလကားမဟုတ်ဘူး
အဖေ့ငွေတွေကို ဖြုန်းချင်လို့”။
အစေခံတွေနဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့လှပြီ
ရှော့ပင်မထွက်ရ မနေနိုင်၊ ရှော့ပင်ကိုစွဲနေပြီ
အကောင်းစားသားရေအိတ်ပြားကြီးထဲမှာ
ဟောင်ကောင်ပေါ့ပ် အဆိုတော်
အက်ဒီဆင်ရဲ့ဓာတ်ပုံ။
ဘရစ်တနေစပီးယားနဲ့ အမ်မီနမ်တို့သာ
သူတို့ရဲ့ နိစ္စဓူဝသံစဉ်
နောက်ဆုံးပေါ် ဖက်ရှင်ကို ခါးကမချသလို
နောက်ဆုံးပေါ် ဂီတကိုလည်း ပါးစပ်ကမချ
ပါးစပ်က
တွေ့ကရာတွေ အော်ပစ်လိုက်။
အသစ်အဆန်းမှန်သမျှ စိတ်ဝင်စား
ဒုက္ခဆိုတာ
ချိုနဲ့လားလို့ မေးရလောက်အောင် အဆင်ပြေနေတဲ့
မျိုးဆက်
အိုင်ဒီယာသစ်ဖို့ကိစ္စ တစ်ခါမှမတွေးဖူး။
ကုန်းတွင်းပိုင်းဒေသနဲ့
အစွန်အဖျားက
လူငယ်တွေကတော့
ပြင်းထန်တဲ့ စီးပွားရေး စိန်ခေါ်မှုတွေ အောက်မှာ
လူငယ်ဘ၀ ပျောက်ဆုံးသလိုဖြစ်နေ။
ဒီခေတ်ကြီးရဲ့ သင်္ကေတက
မော်စီတုန်း မဟုတ်
အသပြာ
စီးပွားရေးတံခါးဖွင့်ဝါဒနဲ့
ကလေးတစ်ယောက် ပေါ်လစီက
မွေးထုတ်ပေးလိုက်သော
“ကျွန်မကတော့
ချိုလိမ်လေးကို ပါးစပ်ထဲ ထည့်ပစ်လိုက်တာပဲ”။
လွတ်မြောက်ရေး စစ်ပွဲကို သူတို့မသိ
တော်လှန်ရေးဆိုတာ အိပ်ရာဝင် ပုံပြင်ထက် ဘာမှ မပို
မျိုးဆက်ဟောင်းရဲ့ရဲဘော်စိတ်ကို
နားမလည်
ကွန်ဖြူးရှပ်ရဲ့
လောကသာရကိုလည်း စိတ်မ၀င်စား။
ကိုယ်ကျိုးစီးပွား
မိုးပေါ် အမြဲပျံဝဲနေစေဖို့
အရေးကြီးတာက ငွေကြေးနဲ့အဆက်အသွယ်
ငွေမရှိလို့ ဘယ်လိုမှမဖြစ်
ငွေဆိုတာ အပျော်မို့လား။
ရှန်ဟိုင်း လူငယ်တွေဟာ
နက်သထက်နက်လာတဲ့ ဆင်းရဲချမ်းသာကွာခြားမှု
ချောက်ကမ်းပါးကြီးကို
ယောင်လို့တောင် ငုံ့မကြည့်။ 
ဂန္ထ၀င်ကို သူတို့စိတ်မ၀င်စား
သူတို့ ရှာဖွေနေတာက စတိုင်လ်သစ်ဖို့
သူရဲကောင်းတွေဆိုရင်
ဒဏ္ဍာရီပုံပြင်လာ ဟီးရိုးများသာ။
မျက်မှောက်ပြုနေရတဲ့
လူမှုအပြောင်းအလဲတွေမှာ နိုင်ငံရေးမပါ
အကောင်းဆုံး ကျောင်းမှာ တက်ခဲ့ပေမယ့်
“ကော်နက်ရှင်က စာသင်ခန်းထဲမှာ မရှိဘူး။
ကပွဲမှာမှရှိတာ”
မိဘတွေရဲ့ချစ်ခြင်းအားလုံးနဲ့
ငွေကြေးအထောက်အပံ့ အလျှံအပယ်ရရှိနေသူများ
သူ့အဖေမှာ
မာမီလေးတွေ၊ မာမီလတ်တွေအများကြီး။
ဟိုတယ်မယ်လေးကို
မျက်စိတစ်ဖက်မှိတ်ပြရင်း
“ခွင့်ပေးရင် ချစ်ချင်ပါတယ်... ချစ်ပြီးရင်သွားမှာနော်ကွယ်”
“အို... မင်းသဘောအတိုင်းပဲ”
မမက
ပွဲတက် ကကွက်သာမက
ဘ၀ဇာတ်ခုံပေါ် အသုံးတည့်မယ့် ကကွက်မျိုးစုံ သင်ပေး။
ပေါ်ပင်ဖက်ရှင်တွေအတွက်
ရေခံမြေခံကောင်းတစ်ခု
ငွေတွေ ရေလိုစီးနေတယ်။
လူ့ မလိုင်ခဲလေးများ ဆုံစည်းရာ
ဒေါ်လာကို အတောင်တပ်ထားတဲ့
ဆောင့်ကြွားကြွား ချာတိတ်တွေ မမြင်ချင်အဆုံး။
တချို့ရန်ဖြစ်၊ တချို့မှောင်ရိပ်ခို
ချာတိတ်နှစ်ယောက်က
ဂေါက်သီးကစားနည်းအကြောင်း
အော်ကျယ်အော်ကျယ်
မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်မျိုးစုံ
မှိန်ပျပျမီးရောင်နဲ့ တိုးညင်းညင်းဂီတသံအောက်မှာ ပျောက်နေ
တေးသံက
လူငယ်တွေရဲ့တစ်ညတာ ဆက်ဆံရေးကို
ပြောပြနေသယောင်။
“ဘာရယ်မဟုတ်ပါဘူး။
စိတ်အပြောင်းအလဲပေါ့နော်”
တစ်လအတွင်း
ဆံပင်ရှစ်ခါအရောင်ပြောင်းဆိုးသူ
ယုံကြည်မှုတွေ ပြိုကျရာက
ဆိုဆုံးမရခက်တဲ့ကလေးတွေ
များသထက်များလာ။
စိတ်ပညာရှင်တချို့က
ပုံပန်းပျက်လာတဲ့ မိသားစုတန်ဖိုးတွေနဲ့
မိဘသားသမီးဆက်ဆံရေးကို ထောက်ပြကြ
အိမ်ထောင်ရေးဘဝ
“ကျွန်မအသည်းနှလုံးက
တစ်ခုခုကို ကြာကြာ လက်မခံတတ်ဘူးရှင့်”
အပေါ်ယံကြည့်ရင်
တကယ့် အမေရိကန် ပုံတူ
ပေါ့ပ်ဂီတကို ခံတွင်းတွေ့သူများ
ဂလိုဘယ်ဘ၀ဟန်ပန်နဲ့ အသားကျသူများ
စီးပွားရေးပေါ်လစီကို
သံသယမရှိ လက်ခံနိုင်သူများ။
မိုးကိုဒူးနဲ့ တိုက်ဖို့ မစဉ်းစား
ဝါသနာမပါ
အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်
လူငယ်မျိုးဆက်တွေအကြား
“သူတို့ကိုကြည့်ရတာ ကမ္ဘာကြီးနဲ့ ပိုနီးလာသလိုပဲ။
တခြားဒေသက ကလေးတွေနဲ့တော့ ဝေးဝေးလာတယ်”။
ပစ္စုပ္ပန်မှာ ပျော်သလို နေကြပြီး
အနာဂတ်ပျောက်နေတဲ့ ကိစ္စ
ဘ၀ကို လွယ်လွယ်လေးတွေး ပေါ့ပေါ့လေး ရင်ဆိုင်နေ
“ဒါနဲ့...
မာမီလေးတို့၊ မာမီလတ်တို့ရော နေကောင်းလား”။
အတိတ်ကို လွမ်းနေသူတွေမဟုတ်သလို
အနာဂတ်အတွက်
ပူပန်ကြောင့်ကြနေသူတွေ မဟုတ်
သူတို့ သရုပ်ကို
သမိုင်းနဲ့ပုံဖော်လို့ မဖြစ်နိုင်။
လားရာအမြင်နဲ့ပုံဖော်လို့ မရနိုင်။
“ဒီနေ့ ကလေးတွေကိုကြည့်ရင်း
ဘယ်အချိန် မိုးပြိုမလဲလို့ မထိတ်သာ မလန့်သာဖြစ်နေရပြီဗျာ”
ပီကင်းအခြေစိုက်
လူမှုဗေဒပညာရှင်တစ်ဦးရဲ့ညည်းချင်း
လူငယ်တွေရဲ့ အမှတ်အသား သရုပ်ကို
အခုထိ မဖမ်းဆုပ်နိုင်သေး။
အောင်ရင်ငြိမ်း
Jokes - Cheque
ဒီနေ့ အတွက်ဟာသလေးတွေကနေ
အင်္ဂလိပ်စာကိုလေ့လာနိုင်ကြဖို့  တင်ပြလိုက်တဲ့ဟာသတိုလေးပါ..
ဘယ်သူ့ ရည်ညွန်းမှန်းမသိတော့..
အင်းးး ... ခုလိုပဲမေးရတော့မှပေါ့။ 
A client comes to a bank:
- My cheque was returned with a remark: "Insufficient funds". I'd like to know whether it refers to mine or the Bank?
လိုတာအကုန်လုံးဝယ်
လိုတာအကုန်လုံးဝယ်
-" ဟဲလို.."
-" ကိုကို.. ချစ်လေးပါ ..ခု ကိုကိုကလပ်မှာမို့ လား"
- ဟုတ်
- သိတယ်လေ...သိနေတယ် ချစ်လည်း အဲ့ကလပ်နဲ့ သိပ်မဝေးတဲ့ ရှော့ပင်းစင်တာမှာ..
အနွေးထည်တစ်ထည်ကြည့်နေတာ..လှလိုက်တာကွာ..ဒါလေး ချစ်အရမ်းးးးးး လိုချင်တာပဲ
ဝယ်လိုက်ရမလားဟင် "
-" ဘယ်လောက်တဲ့လဲ "
-" ဒေါ်လာ ထောင့်ငါးရာထဲပါကွာ.."
- " အင်းးးး ...
ဒီလောက်လိုချင်နေရင်လည်း
ဝယ်လိုက်လေ "
-" ဝေးးး ပျော်လိုက်တာ..
ကိုကို!! . ခုမနက်လေ..ကားတွေရောင်းတဲ့
show room မှာလည်းဝင်ကြည့်ခဲ့တာ မာစီဒီးကွာ... တန်လိုက်တာ..အာ့လေး
ဝယ်ရရင်သိပ်ကောင်းမှာပဲ ကိုကိုရာ.."
-" ဘယ်လောက်ကျမလဲ..ဒါက "
-" ဒေါ်လာ ခြောက်သောင်းထဲပါ.. ကိုကို့ အတွက်က ပါးပါးလေးဟာကို.."
-" အရာင်ကအစ သေသေချာချာ
အသေးစိတ်ရွေးပြီးမှ
ဝယ်စေ့ချင်တယ်ကွာ "
-" ဟယ်! ..ဒဂယ်!! အာဘွားအကြီးကြီးပေးလိုက်ပြီ
သိလား..
ဖုန်းမချခင်လေး ပြောရဦးမယ်ကိုကိုရေ.."
-" ဘာလဲ ဟင် "
-" လိုချင်တာတွေများလွန်း
နေတယ်လို့  မထင်ရဘူးနော်..
ချစ်တို့  ဘဏ်စာရင်းကို ညှိပြီး
အဆင်ပြေမှဝယ်မှာပါ..မနှစ်က
ချစ်နဲ့ ကိုကို သွားကြည့်ထားတဲ့
ပင်လယ်ကမ်းခြေကအိမ်လေ..
ရေကူးကန်နဲ့ ပန်းခြံနဲ့ ဟာလေ..
အခု သူတို့ ကလျော့ပေးမယ်တဲ့
ဆရာ.."
-" သူတို့ က ဘယ်လောက်ထားပေးမယ်ပြော
်လဲ"
-" ဒေါ်လာ လေးသိန်းခွဲတဲ့..အံ့စရာ
ကိုကိုရယ် အဲ့လောက်နဲ့ ရောင်းမယ်ကို ထင်မထားဘူး..
ဒီလောက်ဆိုရင်တော့
ဘဏ်လက်ကျန်ကမီပါတယ် "
-"ကောင်းပြီလေ..ဒီလောက်ဆိုရင်
်တော့ ဝယ်.. လေးသိန်းနှစ်သောင်းလောက်နဲ့  အရင် ဆစ်ကြည့်ဦး.."
-" စိတ်ချစမ်းပါကိုကိုရာ..
ပျော်လိုက်တာကွာ ..
အရမ်းကိုချစ်သွားပြီသိလား..
ဝယ်လိုက်တော့မယ်နော်
ဘိုင့် .... ကိုကို
အာဘွား !! "
-" အင်းးး ဘိုင့် "
( ဖုန်းပြောနေသူဟာ ဖုန်းကိုပိတ်လိုက်ပြီး
သူ့ လက်ထဲက ဖုန်းကိုမြှောက်ပြ
ရင်း ကလပ်ထဲက လူတွေဆီ
ခုလို လှမ်းမေးလိုက်တယ်။ )
-" ဒါဘယ်သူ့ ဖုန်းလဲဗျာ.."
translated by Bobo Zaw
Wednesday, January 13, 2016
အနက်ရောင်ဆိုတော့
ဥရောပစတိုင်ဝတ်စင်ပြီးကျင်းပတဲ့မင်္ဂလာအခမ်းအနားတစ်ခုမှာသတို့ သာက သူ့ အမေကို တိုးတိုးလေးကပ်မေးတယ်
အမေ ဒီနေ့ မှာ သတို့ သမီးက အဖြူရောင်ဝတ်စုံပဲ ဝတ်ရတယ်နော် ဘာလို့ လဲဟင်
အော်... သားရယ်   ဒီနေ့ က မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာအပျော်ရွင်ရဆုံးနေ့ လေ။ အဖြူရောင်ဆိုတာက ဘဝရဲ့ ပျော်ရွှင်မှုအထိမ်းအမှတ်ပေါ့ကွယ်
အင်...ဒါဆို ကျုပ်ကိုကျတော့ ဘာဖြစ်လို့ အနက်ရောင်ပဲ ဝတ်ခိုင်းရတာလဲဗျ
တိန်
Joke - Who's the fastest
Who's the fastest
ရယ်စရာလေးတွေဆီကနေ အင်္ဂလိပ်စာကို လေ့လာနိုင်ဖို့  ဒီနေ့ အတွက်ရွေးချယ်တင်ပြလိုက်တဲ့
ဟာသလေးက...
Who's the fastest ပါတဲ့..။
Three kids argue, whose father is the fastest. One says:
- My father is the fastest, he can overtake the arrow that he shot with the arch.
The second one:
- My father is even faster - when he hunts, he can gun shoot an animal and run up to the animal before it fells down.
The third:
- You actually don't understand what speed is. My father works in municipality. He finishes work at 4:30 pm, but he's back home by 3 pm already.
ကဗျာ - မလင်းပြာသို့ 
မလင်းပြာသို့ 
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်ရတာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့လက်တံ လက်မောင်းတွေဟာ
ဒလကြမ်းချီတက်လာတဲ့
သံချပ်ကာတင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မလင်းပြာ
ငါ့ရင်ကိုခွဲ ငါ့အသည်းကိုနှုတ်
နောက်တစ်လှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုန်း
ဗုံးကနဲ ဗုံးကနဲ
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
အဲ့ဒီမှာ...
ရွံ့ ရေညစ်ညစ်
သလုံးသားနစ်တဲ့လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ
့ကျောကရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုတီးရှား ကိုသွားရမယ်
အဲ့ဒီမှာ...
လူဖြူလက်တစ်ဆုပ်စာက
ငါတကောမင်းလုပ်
ပြည်သူကိုခြယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
တော်လှန်စစ်ကိုဆင်နွဲနေကြရာ
အသားမဲတွေဘက်က 
ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ...
မိုဇမ်ဘစ် အင်ဂိုလာ
ဇန်ဘာဘွေ ကွန်ဂိုး
အာဖရိကတစ်ရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ 
ြိခိမ့်ခြိမ့်သဲ စစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေသွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိကားကိုသွားရမယ်
အဲ့ဒီမှာ...
ဗင်နီဇွဲလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပျောက်ကြားစခန်းတစ်ခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ ပါတ်သက်လို့ 
ရဲဘော် ချေဂွေဗားရား ရဲ့ 
ညွန်ကြားချက်တစ်စောင်ကို
တောင်တွေဖြတ်သန်း
ချိုင့်ဝှမ်းတွေရှိုဝင်
လွင်ပြင်မှာဝပ်တွား
ပြေးလွှားပို့ ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
မလင်းပြာ
ငါ နယူးယောက်ကိုသွားရမယ်
အဲ့ဒီမှာ...
ဗီယက်နမ်စစ်ညစ်ရပ်စဲပစ်
တို့  လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာအဆောက်အဦကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိချီတက်နေရာ
ငါပိုစတာတစ်ခုဆွဲပြီးလိုက်ဦးမယ်။
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကိုချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကိုသနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတစ်ယောက်ရဲ့ 
တောက်ပတဲ့သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေးလို မင်းချေချင်ရသလဲ။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါအခုပဲစစ်ထွက်တော့မယ်။
မောင်သိင်္ဂါ
( ဗီယက်နမ်စစ်ပွဲကာလဆီက ရေးဖွဲ့ ခဲ့ သောစစ်ဆန့် ကျင်ရေးကဗျာ
ဖြစ်ပါသည်)
ဟာသ - Facebook မင်္ဂလာပွဲ
Facebook မင်္ဂလာပွဲ
ဒီနေ့ အတွက် ဟာသလေးတွေကနေအင်္ဂလိပ်စာ
လေ့လာကြဖို့  အစီအစဉ် မှာ...
တစ်ကွက် ဟာသကာတွန်းလေးကိုတင်ပြလိုက်
လိုက်ပါတယ်။ ဒီနေ့ ခေတ်ကိုထင်ဟပ်နေလို့ ပါ...။
ဟာသ - ငါသာအရှင် ... ငါသာသခင်
ငါသာအရှင် ... ငါသာသခင်
တစ်နေ့ မှာ...Hi boss'ကြီး ဦးတေဇော ဟာ သူ့ ကုမ္ပဏီ ရုံးခန်းထဲမှာ ဆိုင်းဘုတ်တစ်ခု ကို အကျအန ချိတ်ဆွဲထားတာ အားလုံးမြင်ကြရတယ်။
ငါသာအရှင် ငါသာသခင်... တဲ့
အဲ့ဒီနေ့  နေ့ လည်စာစားပြီးကြတော့ ဦးတေဇော သူ့ ရုံးခန်းစားပွဲကိုပြန်ရောက်တဲ့အခါ စာတိုကလေး တစ်စောင် ကို စားပွဲမှာ
တွေ့ ရတယ်။ စာက...
ဆရာ..
ဆရာ နေ့ လည်စာ စားနေတုန်း
ဆရာ့မိန်းမဖုန်းဆက်တယ်။အိမ်ကနေ ဆရာယူသွားတဲ့ သူ့ ဆိုင်းဘုတ်
ခုချက်ခြင်းပြန်လိုချင်တယ်..... တဲ့
ဟာသ - ဆက်ပြောရင်
ဆက်ပြောရင်...
မြို့ငယ်လေး တစ်မြို့ က
အမှုတစ်မှုမှာ တရားလိုဘက် ရော..တရားခံဘက်ရှေ့ နေနှင့်တရားသူကြီးကပါ မြို့ ခံတွေချည့် ဖြစ်နေကြပါတယ်။
တရားလိုဘက်ရှေ့ နေက...
ဒီမြို့မှာပဲမွေး..
ဒီမှာပဲနေထိုင်ခဲ့ပြီး..
ဒီမြို့ ကလူတွေကို ကောင်းကောင်းသိတဲ့ hအဖွားအိုတစ်ဦးကို အမှုရဲ့ ပထမဆုံးသက်သေအဖြစ် မေးမြန်းပါတယ်။ ထုံးစံအရ မေးရလေ့ရှိတဲ့မေးခွန်းနဲ့  ပဲ စလိုက်ပါတယ်။
- " ဒီမှာအဒေါ်ကြီး.. မစ္စက် ဂျုံး..ခင်ဗျား ကျုပ်ကိုသိပါတယ်နော်..."
- ဘာလို့ မသိရမှာလဲ..မစ္စတာဝီလျံရယ်..
မင်းကို ကလေးအရွယ်ကတည်းကသိခဲ့
တာပေါ့..မင်း.. ငယ်ငယ်ကငါ့ကို
အတော်ဒုက္ခပေးခဲ့တဲ့ကောင်လေးပဲ။ မင်းက ညာတတ်တယ်..မိန်းမ
မသိအောင်လည်းအငယ်တွေနဲ့ 
ရှုတ်တယ်..လူတွေကို ခြယ်လှယ်
သပ်ရှိုပြီး သူတို့ နောက်ကွယ်ကျ
အတင်းကပြောတတ်သေး.. အရေးပါချင်တာကလည်း
နှစ်ယောက်မရှိဘူး။ တစ်ခုခုကိုနားမလည်ပေမယ့်
ငါ့စကားနွားရ
စွတ်ပြောလေ့ရှိတဲ့အပြင်
မျက်နှာပြောင်ကလည်းအရမ်း
တိုက်တယ်...ငါ..ကောင်းကောင်းသိပါတယ်ကွယ်..မင့်ကို.."
ဒီစကားကြောင့် ငုတ်တုတ်မေ့သွားတဲ့ တရားလိုဘက်ရှေ့ နေခမျာ ဘာဆက်လုပ်ရမယ်မသိ
ိဖြစ်နေပြီး..တဘက်က တရားခံဘက်ရှေ့နေကိုရော..
သိသလားလို့  လက်ညှိုးထိုးပြ မေးမိတယ်။
- " အော်..သူလား..မစ္စတာဘရက်
ဒလေပေါ့ရှင်..သူငယ်ငယ်က
ကျုပ်တောင်ထိန်းခဲ့ရသေးတယ်..
သူကရော..ဘာထူးလို့ လဲ.. အတော့်ကိုဒုက္ခပေးတဲ့
ကောင်လေး။ အပျင်းကြီးလိုက်ပုံ
ကပြောတောင်မပြောချင်ဘူး..
တစ်ကယ့်တစ်ယူသန်အကောင်
်ပေါ့...ဘယ်သူနဲ့  မှမတည့်ဘူး..
မူးလာရင်လည်း ရစ်မှ ရစ်ပဲ..
ဥပဒေအသိပညာနဲ့ အလေ့အကျင့်ကတော့ တစ်နိုင်ငံလုံးမှာအညံ့ဆုံးအစားထဲကပေါ့..
သူ့ ကိုသိပါ့တော်.. သိပါ့။
ဒီမှာတင်..တရားသူကြီးက နှစ်ဖက်ရှေ့ နေနှစ်ယောက်စလုံးကိုသူ့ နားခေါ်ပြီး တိုးတိုးလေးပြောလိုက်တာက..
" ကဲ..ထုံးစံမေးခွန်းမှာပါတဲ့ကျုပ်
ကိုရောသိသလားလို့  ဘယ်သူကမှဆက်မမေးကြနဲ့ 
မေးခဲ့ရင် ခင်ဗျားတို့  နှစ်ယောက်လုံးကို တရားရုံးအမိန့် ဖီဆန်မှုနဲ့  ကျုပ်က.. အရေးယူရလိမ့်မယ် "
" တိန် "
Jokes - All in a night’s work
All in a night’s work
A guy meets a sex worker in a bar.
She says, ‘This is your lucky night
I’ve got a special game for you.
I’ll do absolutely anything you want for £300 as long as you can say it in three words.’
The guy replies, ‘Hey, why not?’
He pulls his wallet out of his pocket and lays £300 on the bar, and says slowly.
‘Paint…my….house.’