မလင်းပြာသို့ 
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်ရတာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့လက်တံ လက်မောင်းတွေဟာ
ဒလကြမ်းချီတက်လာတဲ့
သံချပ်ကာတင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မင်းဘာကြောင့်မိုက်ချင်ရတာလဲ
မလင်းပြာ
မင်းဘာကြောင့်စိမ်းရတယ်
မလင်းပြာ
ငါ့လက်တံ လက်မောင်းတွေဟာ
ဒလကြမ်းချီတက်လာတဲ့
သံချပ်ကာတင့်ကားကြီးကို
ကာဆီးဟန့် တား
ဆွဲကိုင်ရပ်ထားနိုင်အောင်သန်မာရမယ်။
မလင်းပြာ
ငါ့ရင်ကိုခွဲ ငါ့အသည်းကိုနှုတ်
နောက်တစ်လှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုန်း
ဗုံးကနဲ ဗုံးကနဲ
လဲသေစေနိုင်ရမယ်။
ငါ့ရင်ကိုခွဲ ငါ့အသည်းကိုနှုတ်
နောက်တစ်လှမ်းဆုတ် ရှေ့ တအားပစ်သွင်းလိုက်ရင်
မရင်းတပ်သားတွေ အတုံးအရုန်း
ဗုံးကနဲ ဗုံးကနဲ
လဲသေစေနိုင်ရမယ်။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါဗီယက်နမ်ကိုသွားရမယ်။
အဲ့ဒီမှာ...
ရွံ့ ရေညစ်ညစ်
သလုံးသားနစ်တဲ့လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ
့ကျောကရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
ရွံ့ ရေညစ်ညစ်
သလုံးသားနစ်တဲ့လယ်တရိုးမှာ
ပျိုးနှုတ်နေသူလုံမရဲ
့ကျောကရိုင်ဖယ်ကိုယူ
ကျူးလာသူလေယာဉ်မှန်သမျှ
ငါစောင့်ပစ်ပေးရမယ်။
မလင်းပြာ
ငါ ရိုတီးရှား ကိုသွားရမယ်
အဲ့ဒီမှာ...
လူဖြူလက်တစ်ဆုပ်စာက
ငါတကောမင်းလုပ်
ပြည်သူကိုခြယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
တော်လှန်စစ်ကိုဆင်နွဲနေကြရာ
အသားမဲတွေဘက်က
ငါဝင်ကူတိုက်ပေးမယ်။
ငါ ရိုတီးရှား ကိုသွားရမယ်
အဲ့ဒီမှာ...
လူဖြူလက်တစ်ဆုပ်စာက
ငါတကောမင်းလုပ်
ပြည်သူကိုခြယ်လှယ်သွေးစုပ်ပြီး
ကျွန်လုပ်ညှဉ်းဆဲနေကြရာ
ရရာလက်နက်ကိုကိုင်စွဲ
တော်လှန်စစ်ကိုဆင်နွဲနေကြရာ
အသားမဲတွေဘက်က
ငါဝင်ကူတိုက်ပေးမယ်။
မလင်းပြာ...
မိုဇမ်ဘစ် အင်ဂိုလာ
ဇန်ဘာဘွေ ကွန်ဂိုး
အာဖရိကတစ်ရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ 
ြိခိမ့်ခြိမ့်သဲ စစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေသွားဆိုမယ်။
မိုဇမ်ဘစ် အင်ဂိုလာ
ဇန်ဘာဘွေ ကွန်ဂိုး
အာဖရိကတစ်ရိုးမယ်
နိုးကြားလက်နက်စွဲ
တိုက်ပွဲဝင်နေသူ လူမဲတွေရဲ့ 
ြိခိမ့်ခြိမ့်သဲ စစ်ဗုံးသံ
ဘဝဂ်သို့ ညံနေရာ
ငါစစ်ချီတေးတွေသွားဆိုမယ်။
မလင်းပြာ
ငါ လက်တင်အမေရိကားကိုသွားရမယ်
ငါ လက်တင်အမေရိကားကိုသွားရမယ်
အဲ့ဒီမှာ...
ဗင်နီဇွဲလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပျောက်ကြားစခန်းတစ်ခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ ပါတ်သက်လို့ 
ရဲဘော် ချေဂွေဗားရား ရဲ့ 
ညွန်ကြားချက်တစ်စောင်ကို
တောင်တွေဖြတ်သန်း
ချိုင့်ဝှမ်းတွေရှိုဝင်
လွင်ပြင်မှာဝပ်တွား
ပြေးလွှားပို့ ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
ဗင်နီဇွဲလား ကင်ယွန်
ရေတံခွန် ရှိုအကြား
ပျောက်ကြားစခန်းတစ်ခုကနေ
လှုပ်ရှားမှုရေးရာများနဲ့ ပါတ်သက်လို့ 
ရဲဘော် ချေဂွေဗားရား ရဲ့ 
ညွန်ကြားချက်တစ်စောင်ကို
တောင်တွေဖြတ်သန်း
ချိုင့်ဝှမ်းတွေရှိုဝင်
လွင်ပြင်မှာဝပ်တွား
ပြေးလွှားပို့ ပေးမယ့်
တော်လှန်ရေးဆက်သားတွေ
လိုနေသတဲ့ကွယ်။
မလင်းပြာ
ငါ နယူးယောက်ကိုသွားရမယ်
အဲ့ဒီမှာ...
ဗီယက်နမ်စစ်ညစ်ရပ်စဲပစ်
တို့  လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာအဆောက်အဦကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိချီတက်နေရာ
ငါပိုစတာတစ်ခုဆွဲပြီးလိုက်ဦးမယ်။
ငါ နယူးယောက်ကိုသွားရမယ်
အဲ့ဒီမှာ...
ဗီယက်နမ်စစ်ညစ်ရပ်စဲပစ်
တို့  လူငယ်တွေမသေချင်ဘူး
ရင့်ကျူးဟစ်ဆို
အင်ပါယာအဆောက်အဦကြီးပြိုမတတ်
ဖြိုမရ ခွဲမရ
ဆန္ဒပြတပ်ကြီးတွေ
ဒီရေလှိုင်းအိ
တတိတိချီတက်နေရာ
ငါပိုစတာတစ်ခုဆွဲပြီးလိုက်ဦးမယ်။
မလင်းပြာ
မင်းဘာကြောင့်မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကိုချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကိုသနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတစ်ယောက်ရဲ့ 
တောက်ပတဲ့သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေးလို မင်းချေချင်ရသလဲ။
မင်းဘာကြောင့်မိုက်ချင်တယ်
မလင်းပြာ
မင်းဘာကြောင့်စိမ်းချင်တယ်
မလင်းပြာ
မင်းပြည်သူတွေကိုချစ်တယ်ဆိုရင်
မလင်းပြာ
မင်းပြည်သူတွေကိုသနားတယ်ဆိုရင်
ပြည်သူ့ တပ်ဖျားက
စစ်သားကြီးတစ်ယောက်ရဲ့ 
တောက်ပတဲ့သံမဏိနှလုံးသားကိုမှ
အားယိမွကျေ
နှင်းဆီပန်းနုနုလေးလို မင်းချေချင်ရသလဲ။
မလင်းပြာ
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါအခုပဲစစ်ထွက်တော့မယ်။
ငါမလွမ်းချင်ဘူး
မလင်းပြာ
ငါမငိုချင်ဘူး
မလင်းပြာ
ငါမပျော့ချင်ဘူးကွယ်
မလင်းပြာ
ငါအခုပဲစစ်ထွက်တော့မယ်။
မောင်သိင်္ဂါ
( ဗီယက်နမ်စစ်ပွဲကာလဆီက ရေးဖွဲ့ ခဲ့ သောစစ်ဆန့် ကျင်ရေးကဗျာ
ဖြစ်ပါသည်)
ဖြစ်ပါသည်)
No comments:
Post a Comment