ဆက်ပြောရင်...
မြို့ငယ်လေး တစ်မြို့ က
အမှုတစ်မှုမှာ တရားလိုဘက် ရော..တရားခံဘက်ရှေ့ နေနှင့်တရားသူကြီးကပါ မြို့ ခံတွေချည့် ဖြစ်နေကြပါတယ်။
တရားလိုဘက်ရှေ့ နေက...
ဒီမြို့မှာပဲမွေး..
ဒီမှာပဲနေထိုင်ခဲ့ပြီး..
ဒီမြို့ ကလူတွေကို ကောင်းကောင်းသိတဲ့ hအဖွားအိုတစ်ဦးကို အမှုရဲ့ ပထမဆုံးသက်သေအဖြစ် မေးမြန်းပါတယ်။ ထုံးစံအရ မေးရလေ့ရှိတဲ့မေးခွန်းနဲ့  ပဲ စလိုက်ပါတယ်။
- " ဒီမှာအဒေါ်ကြီး.. မစ္စက် ဂျုံး..ခင်ဗျား ကျုပ်ကိုသိပါတယ်နော်..."
- ဘာလို့ မသိရမှာလဲ..မစ္စတာဝီလျံရယ်..
မင်းကို ကလေးအရွယ်ကတည်းကသိခဲ့
တာပေါ့..မင်း.. ငယ်ငယ်ကငါ့ကို
အတော်ဒုက္ခပေးခဲ့တဲ့ကောင်လေးပဲ။ မင်းက ညာတတ်တယ်..မိန်းမ
မသိအောင်လည်းအငယ်တွေနဲ့ 
ရှုတ်တယ်..လူတွေကို ခြယ်လှယ်
သပ်ရှိုပြီး သူတို့ နောက်ကွယ်ကျ
အတင်းကပြောတတ်သေး.. အရေးပါချင်တာကလည်း
နှစ်ယောက်မရှိဘူး။ တစ်ခုခုကိုနားမလည်ပေမယ့်
ငါ့စကားနွားရ
စွတ်ပြောလေ့ရှိတဲ့အပြင်
မျက်နှာပြောင်ကလည်းအရမ်း
တိုက်တယ်...ငါ..ကောင်းကောင်းသိပါတယ်ကွယ်..မင့်ကို.."
ဒီစကားကြောင့် ငုတ်တုတ်မေ့သွားတဲ့ တရားလိုဘက်ရှေ့ နေခမျာ ဘာဆက်လုပ်ရမယ်မသိ
ိဖြစ်နေပြီး..တဘက်က တရားခံဘက်ရှေ့နေကိုရော..
သိသလားလို့  လက်ညှိုးထိုးပြ မေးမိတယ်။
- " အော်..သူလား..မစ္စတာဘရက်
ဒလေပေါ့ရှင်..သူငယ်ငယ်က
ကျုပ်တောင်ထိန်းခဲ့ရသေးတယ်..
သူကရော..ဘာထူးလို့ လဲ.. အတော့်ကိုဒုက္ခပေးတဲ့
ကောင်လေး။ အပျင်းကြီးလိုက်ပုံ
ကပြောတောင်မပြောချင်ဘူး..
တစ်ကယ့်တစ်ယူသန်အကောင်
်ပေါ့...ဘယ်သူနဲ့  မှမတည့်ဘူး..
မူးလာရင်လည်း ရစ်မှ ရစ်ပဲ..
ဥပဒေအသိပညာနဲ့ အလေ့အကျင့်ကတော့ တစ်နိုင်ငံလုံးမှာအညံ့ဆုံးအစားထဲကပေါ့..
သူ့ ကိုသိပါ့တော်.. သိပါ့။
ဒီမှာတင်..တရားသူကြီးက နှစ်ဖက်ရှေ့ နေနှစ်ယောက်စလုံးကိုသူ့ နားခေါ်ပြီး တိုးတိုးလေးပြောလိုက်တာက..
" ကဲ..ထုံးစံမေးခွန်းမှာပါတဲ့ကျုပ်
ကိုရောသိသလားလို့  ဘယ်သူကမှဆက်မမေးကြနဲ့ 
မေးခဲ့ရင် ခင်ဗျားတို့  နှစ်ယောက်လုံးကို တရားရုံးအမိန့် ဖီဆန်မှုနဲ့  ကျုပ်က.. အရေးယူရလိမ့်မယ် "
" တိန် "

No comments:
Post a Comment